• +95 97 158 4608
  • Yangon, Myanmar
  • +95 97 158 4608
  • Yangon, Myanmar

Blog Detail Video

Phone မှတ်ပုံတင်တယ်ဆိုတာ ဘာလဲ?

ဆော့ဝဲတွေမှာ အမြဲတမ်းလိုလို အမှားပြင်ဆင်ချက်တွေ၊ ဗားရှင်းမြှင့်တာတွေ ရှိကြပါတယ်။ အဲဒီလိုပဲ ဆော့ဝဲ သုံးစွဲတဲ့ သူတွေဖက်မှာလည်း ဖုန်းချိန်းတာ၊ ဖုန်းပြောင်းတာ၊ ဆော့ဝဲ မှားဖျက်မိတာတို့ဆိုတာ ထုံးစံ တစ်ခုပါပဲ။ ဒါကြောင့် ဝယ်သူရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ဘက်က ဆော့ဝဲကတဆင့် ကောက်ယူပါတယ်။ ဆိုလိုတာက ဝယ်သူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပါတယ်။

ဆော့ဝဲ ဝယ်ယူမယ့် နာမည်၊ ဖုန်း၊ အီးမေးလ်တို့ကို သေချာမှတ်ထားပေးပါ။ နာမည်အရင်း၊ ကိုယ်အမြဲသုံးနေတဲ့ ဖုန်းနဲ့ အီးမေးလ်တို့ ဖြစ်ဖို့လိုပါတယ်။ အချက်အလက်တွေ မှန်မှ အခမဲ့ ဝန်ဆောင်မှု ရမှာ ဖြစ်ပါတယ်။ မမှန်ခဲ့ရင်တော့ ဆော့ဝဲကို အသစ်ပြန်လည် ဝယ်ယူရမှာပါ။

ဆော့ဝဲ အခက်အခဲဖြစ်လို့ ဆက်သွယ်လာတဲ့အခါ ဝယ်သူရဲ့ အချက်အလက်​တွေကို တိုက်ဆိုင် စစ်ဆေးပါတယ်။ ဝယ်ထားတာ မှန်ရင် ဝန်ဆောင်မှုအရ ဆော့ဝဲကို Full Version အပြည့်အစုံရအောင် ပြန်လည် လုပ်ဆောင်ပေးတာပါ။ အဲဒီအတွက် ကိုယ့်ရဲ့ နာမည် ဖုန်း အီးမေးလ်တို့ကို သေချာ မှတ်သားထားပြီး ပေးပို့ရပါတယ်။

ပေးပို့တဲ့အခါမှာလည်း ရိုးရိုးဖုန်းမက်စေ့ခ်ျကို အရင်က အဓိက သုံးခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေက မက်စေ့ခ်ျပို့မရတာ မက်စေ့ခ်ျ မရောက်တာတွေ ကြုံကြရတဲ့အတွက် Viber နဲ့ Telegram ကို အသုံးပြုပြီး ပို့လို့ ရအောင် ဆော့ဝဲထဲမှာ လုပ်ပေးထားပါတယ်။ အချက်အလက် ဖြည့်ပြီးတဲ့အခါ ဗိုက်ဗာနဲ့ တယ်လီဂရမ်ကို ရွေးလိုက်တဲ့အခါ ဘယ်ကို ပို့ရမှန်း မသိ ဖြစ်တတ်ကြပါတယ်။ အဲဒီလို ပို့တဲ့အခါ အရင်ဆုံး ဆက်သွယ်ရန် ခလုပ်မှာ ဗိုက်ဗာနဲ့ တယ်လီဂရမ် နံပါတ်ကို ကူယူပြီး ဖုန်းနံပါတ် ရှာဖို့နဲ့ အရင်ဆုံး ဟယ်လိုဆိုတဲ့ မက်စေ့ခ်ျ ၁ စောင့်တော့ ပို့ဖို့ လိုအပ်ပါတယ်။ ဒါမှ အချက်အလက်တွေ ဖြည့်ပြီးလို့ ပေးပို့တဲ့အခါ ခုန ဟယ်လို လုပ်ထားတဲ့ မက်စေ့ခ်ျကို ရွေးပေးလိုက်ရင် အချက်အလက် ပို့ပြီးသား ဖြစ်သွားတာကို တွေ့ရမှာပါ။

အချက်အလက် ရောက်လာပြီဆိုရင်တော့ ဆော့ဝဲ ဝယ်ယူမှာလား၊ ဝယ်ပြီးသားအတွက် ပြန်လုပ်စေချင်တာလားဆိုတာ ပြောပြပေးသင့်ပါတယ်။ ဒါမှလည်း အချက်အလက်တွေ စစ်ဆေးပြီး အမြန်ဆုံး Full Version ကို ပြန်လည် အသုံးပြုနိုင်အောင် ကူညီပေးလို့ ရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆို Phone မှတ်ပုံတင်တယ်ဆိုတာ ဘယ်လို အရေးပါတယ်ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဆော့ဝဲနဲ့ ပတ်သက်ပြီး အဆင်မပြေတာရှိရင်လည်း ဆက်သွယ် ဆောင်ရွက်စေချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

© 2023 eBusiness IT Solutions. Powered By

Documentation has been carefully detailed and completed with super easy to understand instructions giving you the full access to all of its features.

Postal Address

PO Box 16122 Collins Street West Victoria

Business Phones

+61 3 8376 6284, +61 3 8376 2648