• +95 97 158 4608
  • Yangon, Myanmar
  • +95 97 158 4608
  • Yangon, Myanmar

Blog Detail Video

စာသားကနေ အသံထွက်၊ နှုတ်က ပြောလိုက်တာကို စာသား

စာသားကနေ အသံထွက်တာမျိုးကို Text To Speech စနစ်လို့ ခေါ်ပါတယ်။ အသံကနေ စာသားအဖြစ် ပြောင်းလဲပေးတာကို Speech Recognition လို့ခေါ်ပါတယ်။ ဒီစနစ်တွေ မိမိတို့ရဲ့ ဖုန်းမှာ ရဖို့ဆိုရင် ဖုန်းမှာရှိတဲ့ Setting တွေ မှန်ဖို့နဲ့ လိုအပ်တဲ့ ဆော့ဝဲတွေ ရနိုင်ဖို့က အရေးကြီးပါတယ်။ တရုတ်ဖုန်းပဲ ဖြစ်ဖြစ် ကိုရီးယား ဖုန်းပဲ ဖြစ်ဖြစ်၊ ဂလိုဘယ်ပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးသိပ်မကြီးပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ Google Play Store ရနေမှ အဆင်ပြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရေးထားတဲ့ ဆော့ဝဲမှာ Google ကနေ ပေးထားတဲ့ ဆော့ဝဲကို အသုံးပြုထားလို့ ဖြစ်ပါတယ်။

အဓိက လိုအပ်တဲ့ ဆော့ဝဲကတော့ Google Play Store, , နဲ့ တို့ပဲ ဖြစ်ပါတယ်။

အခုဒီဗွီဒီယိုမှာ သုံးထားတဲ့ ဖုန်းကလည်း တရုတ်ဖုန်းပါပဲ။ ပလေးစတိုးကိုလည်း ရအောင် တင်ထားတဲ့အတွက် လိုအပ်တဲ့ ဆက်တင်နဲ့ ဆော့ဝဲတွေ တင်ပေးလိုက်တဲ့အခါ စာသားကနေ အသံထွက်တာလဲ အဆင်ပြေသလို နှုတ်ကနေ ပြောလိုက်တာကိုလည်း စာသားအဖြစ် ပြန်လည် ပြောင်းလဲပေးပါတယ်။ ဘယ်လို လုပ်ရတယ်ဆိုတာကိုတော့ ဗွီဒီယိုမှာ ကြည့်ပေးကြပါ။

ခေတ်ကြီးက အမြဲတိုးတက်လာနေတာဆိုတော့ ကိုယ်ကလည်း ဆော့ဝဲတွေ အသုံးပြုပြီး သင်ယူတာမျိုးတွေ လုပ်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ပလေးစတိုး ကောင်းကောင်း အသုံးပြုလို့ရတဲ့ ဖုန်းကို ဝယ်စေချင်ပါတယ်။ ဒါမှ ကိုယ့်ဖက်က လိုအပ်ချက်တွေ ပြည့်စုံနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ဝယ်တဲ့ သူတွေထဲမှာ IOS အတွက် မရဘူးလားလို့ မေးလာကြတာတွေ ရှိပါတယ်။ အဲဒီအတွက်တော့ မဖြည့်ဆီးပေးနိုင်သေးပါဘူး။ မကြာမီကာလမှတော့ ပန်းသီးစတိုးပေါ်ကိုလည်း အရောက်လှမ်းလာခဲ့ပါအုံးမယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

© 2023 eBusiness IT Solutions. Powered By

Documentation has been carefully detailed and completed with super easy to understand instructions giving you the full access to all of its features.

Postal Address

PO Box 16122 Collins Street West Victoria

Business Phones

+61 3 8376 6284, +61 3 8376 2648