|

Numbers & Colors

eBz Team မှ ပထမဆုံး အနေဖြင့် ရေးသားဖန်တီးထားတဲ့ ဆော့ဝဲဂိမ်းလေး ဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကတော့ ၂ နှစ် မှ ၄ နှစ် ကလေးငယ်များအတွက် ရည်ရွယ်ထားတာပါ။ အမျိုးအစား ၁၆ မျိုးအထိ ပါရှိပြီး မြှားပစ် တစ်မျိုးသာ အခမဲ့ ဆော့ကစားနိုင်မှာ ဖြစ်ကာ ကျန်အမျိုးအစားအားလုံးကိုတော့ ဆော့ဝဲတန်းဖိုး ၃ ထောင်ကျပ် သပ်မှတ်ထားပါတယ်။

ယခုခေတ်မှာတော့ ကလေးငယ်များကို မိဘများအနေဖြင့် ဖုန်းများ ပေးဆော့ကစားတဲ့ အလေ့ များလာပြီလို့ ယုံကြည်ပါတယ်။ ကလေးငယ်များ မျက်စိကျန်းမာရေး ထိခိုင်နိုင်မှုများလည်း ရှိနိုင်သလို တန်ဆေးလွန်ဘေး ဆိုတာကိုလည်း သတိထားကြရမှာ ဖြစ်ပါတယ်။ ဖုန်းကို ကစားစရာတစ်ခုအဖြစ် မမှတ်ယူစေဘဲ သူ့အတွက် ပညာတွေ လေ့လာနိုင်တဲ့ အထောက်အကူ ပစ္စည်းဖြစ်တယ်ဆိုတာကို ငယ်စဉ်ကတည်းက သင်ကြားပေးထားကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ဒီဆော့ဝဲလေးကလည်း ကလေးငယ်များအတွက် ပညာတိုးစေတဲ့ သင်ထောက်ကူ ပစ္စည်းလေးလို့ မှတ်ယူသင့်ပါတယ်။ တခြား ဆော့ဝဲများလည်း အများအပြား ထွက်ရှိနေမှာ ဖြစ်သလို မိဘများအနေဖြင့် မိမိ၏ သားငယ် သမီးငယ်ကလေးများအတွက် ပညာတိုးတက်စေရန် သင်ထောက်ကူပစ္စည်းများကို ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်ဝယ်ယူကြရမှာ ဖြစ်ပါတယ်။

မိဘများအနေဖြင့်လည်း သင်ထောက်ကူပစ္စည်းများ ဝယ်ပေးပြီး သားငယ်သမီးငယ်များနှင့်အတူ အချိန်အခါခွင့်သင့်တိုင်း အတူတကွ လေ့ကျင့်မှတ်သား၊ စစ်ဆေးပေးသင့်ပါတယ်။ မိမိတို့ ကလေးငယ်များရဲ့ ဉာဏ်ပညာတိုးတက်လာမှုကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ပြီး လိုအပ်သလို ထပ်မံ သင်ကြားပေးမှုများလည်း ပြုလုပ်ပေးကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဆော့ဝဲလေးကလည်း မိမိတို့ သားငယ်သမီးငယ်လေးများအတွက် သင့်လျော်ခြင်းရှိမရှိ အောက်တွင်ရှိတဲ့ လင့်များမှတဆင့် သွားရောက်ကာ လေ့လာမှုများ ပြုလုပ်နိုင်ကြပါတယ်။

ဆော့ဝဲအား ဝယ်ယူလိုပါက ဆော့ဝဲညာဖက်ထောင့်အပေါ်တွင် ရှိတဲ့ အင်္ဂလိပ်အက္ခရာ i လေးအား နှိပ်ပြီး အချက်အလက်များအား ဝင်ရောက်လေ့လာမှု ပြုနိုင်ပါတယ်။ ဆော့ဝဲ ဝယ်ယူရန် အဆင့်များကတော့ ပထမဆုံးအနေဖြင့် နာမည်၊ ဖုန်း၊ အီးမေးလ် တို့ ဖြည့်စွက် ပို့ဆောင်ရပါတယ်။ အဲဒီနောက် ဆော့ဝဲတန်ဖိုးကို KBZ Pay, Wave Pay တစ်ခုခုနဲ့ ပေးချေနိုင်ပြီး အကောင့်ဖုန်းကတော့ ဆော့ဝဲအတွင်းမှာ ရှိတဲ့ တယ်လီနော ဖုန်းနံပါတ်ပါ။ ဆော့ဝဲ တန်ဖိုး ပေးချေပြီးနောက် eBz Team မှ ကုတ်နံပါတ်အား ပြန်လည်ပေးပို့မှာ ဖြစ်ပြီး ထိုကုတ်နံပါတ်ကို ကူးယူကာ ဆော့ဝဲအတွင်း ထည့်သွင်းပေးလိုက်ပါက ကျန်အခန်းအားလုံးများ လေ့လာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

အခက်အခဲ တစ်စုံတစ်ရာ ရှိပါက ဆော့ဝဲအတွင်း ပါရှိတဲ့ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ် မေးမြန်းခြင်း၊ အကြံပြုခြင်းနှင့် ဖြေရှင်းခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။


Numbers & Colors App အေပီကေ ဒေါင်းမယ်.



Click the picture or here to download Numbers & Colors App.