ယာဉ်အမြန်နူှန်း အသိပေးစနစ် (Vehicle Speed Alarm) App သည် ဖုန်း၏ GPS စနစ်ကို အသုံးပြု၍ ယာဉ်အမြန်နှုန်းကို တိုင်းတာပေးနိုင်သာ App ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ယာဉ်မတော်တဆမူှများတွင် ယာဉ်အရှိန်များခြင်းကြောင့် ဖြစ်ပွားသည်ကို သိရှိရပါသည်။
ကား၊မော်တော်ဆိုင်ကယ်များအတွက် ယာဉ်၏အမြန်နူှန်းကို ၂၀ ကီလိုမီတာမှ ၁၆၀ ကီလိုမီတာ ကြားအထိ မိမိယာဉ်နှင့် သင့်တော်သော အမြန်နှုန်းကို ရွေးချယ်ထားနိုင်ပါသည်။ မိမိတို ရွေးချယ်ထားသော အမြန်နူှန်းထက် ကျော်လွန်လာပါက App မှ အချက်ပြပေးသွားမည် ဖြစ်သည်။ အချက်ပြစနစ်ကို သာမန် တီးလုံးအသံဖြင့်လည်းကောင်း၊ မြန်မာ အသံထွက်ဖြင့်လည်းကောင်း၊ အင်္ဂလိပ်အသံထွက်ဖြင့်လည်းကောင်း သို့မဟုတ် တီလုံးအသံနှင့် ဖုန်းတုန်းခါမှုဖြင့်လည်းကောင်း အသံ(၄)မျိုးဖြင့် အသိပေးသွားမှာဖြစ်သည်။
ထို့အပြင် မိမိတို့ မှတ်သားလိုသောနေရာများကို မှတ်သားနိုင်ရန် မြေပုံကို ထည့်သွင်းပေးထားပါသည်။ မှတ်သားထားသောနေရာများကို သိမ်းထားသည့်နေရာများတွင် ကြည့်ရူှနိုင်ပြီး အချက်အလက်ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း စသည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ပါသည်။
မိမိတို့အနေဖြင့် App ကို အသုံးပြုရာတွင် GPS ပြတ်တောက်နိုင်မှု အခြေအနေပေါ်မူတည်၍ ယဉ်၏မောင်းနူှန်း ကီလိုမီတာနှင့် App မှတိုင်းတာရရှိသော အချက်အလက်သည် အနည်းငယ် ကွာဟမူှရှိနိုင်သည်ကို သတိပြုစေလိုပါသည်။
ဤ App သည် ယာဉ်မောင်းသူတို့အတွက် ယာဉ်အန္တရာယ်ကြိုတင်အသိပေးတားမြစ်သော App ဖြစ်သည့်အတွက် အကျိုးရှိရှိ အသုံးပြုရင်း ဘေးကင်းနိုင်ကြပါစေ။
ယာဉ်အမြန်နှုန်း အသိပေးစနစ် App အေပီကေ ဒေါင်းမယ်.
Click the picture or here to download Vehicle Speed Alarm App.