|

Measure Map

ပေတံ၊ ပေကြိုး၊ ရေချိန် စတဲ့ ကိရိယာတွေဟာ တစ်ခုခုကို တိုင်းတာတွက်ချက်တဲ့ နေရာမှာ မရှိမဖြစ် အသုံးလိုမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ ကိုယ်တိုင်းတာချင်တာက ကိုယ့်အိမ်ကနေ လမ်းထိပ်ထိ အကွာအဝေး ဘယ်လောက်ရှိလည်း ဆိုတာကို သိချင်ရင်တော့ ပေကြိုးကိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် တိုင်းတာမှ သိနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပညာတိုးတက်တဲ့ ခေတ်မှာတော့ ကိုယ် တိုင်းတာချင်တဲ့ တည်နေရာ တစ်ခုနဲ့ တစ်ခု ဘယ်လောက်ဝေးဝေး ယေဘုယျ အကွာအဝေးကိုတော့ မြေပုံကို အသုံးပြုပြီး တိုင်းတာနိုင်ပါတယ်။ လူကိုယ်တိုင် အပြင်ထွက်ပြီး တိုင်းဖို့လည်း မလိုအပ်သလို ပေကြိုးလည်း ရှိဖို့ မလိုအပ်ပါဘူး။

အဲဒီအတွက် မြေပုံဖြင့် တိုင်းတာခြင်း ဆော့ဝဲကို ဖန်တီးထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ ဒီဆော့ဝဲမှာတော့ အကွာအဝေး၊ ဧရိယာ၊ အမြန်နှုန်း၊ လမ်းကြောင်း အကွာအဝေး မှတ်သားခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင်တို့ကို တိုင်းတာနိုင်မှာပဲ ဖြစ်ပါတယ်။

ဘာသာစကား ၂ မျိုးဖြစ်တဲ့ အင်္ဂလိပ်၊ မြန်မာ တစ်ခုခုနဲ့ အသုံးပြုနိုင်ပြီး မြန်မာဘာသာနဲ့ သုံးမယ်ဆိုရင် ဇော်ဂျီ၊ ယူနီကုတ် စာလုံး ၂ မျိုးထဲက မိမိတို့ ဖုန်းနဲ့ အဆင်ပြေတာ တစ်ခု ရွေးချယ်ပြီး အသုံး ပြုနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ တိုင်းတာ၊ တွက်ချက်၊ မှတ်သားထားတဲ့ အချက်အလက်များကိုလည်း ဆော့ဝဲအချင်းချင်း ကုတ်နံပါတ်များ ပေးပို့ပြီး အချက်အလက်များကို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ အသေးစိပ်ကိုတော့ ပလေးစတိုးမှာ သွားရောက် ဖတ်ရှုပြီး ဆော့ဝဲကို ဒေါင်းယူ စမ်းသုံးကြည့်နိုင်ပါတယ်။



When you are measuring the distances, tap anywhere for the starting point. Then, number posts will appear on the map. And You can go on tapping as much as you need. The number posts are closer to each other, the more accurate the distance calculation is.

You can also calculate the area and the unit is in acre. As the same way here, the number posts are closer to each other, the more accurate the distance calculations are.

Sometimes, you might need the speed of how fast your vehicle is moving. So, we added the speed calculation feature.

Recording your route is also a good feature you might need. And you can also share your route with other app users by sending the code number. Then, they just need to re-enter the code in the app to view the route again.

 

 

Measure App အေပီကေ ဒေါင်းမယ်.

Click the picture or here to download Measure Map.