ဆော့ဝဲ တစ်ခုကို ကိုယ့် တကိုယ်ရည်သုံးအတွက် သို့မဟုတ် လုပ်ငန်းအတွက် အသုံးပြုဖို့ စပြီး စဉ်းစားတော့မယ်ဆိုရင် ဆော့ဝဲမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို အရင်ဆုံး လေ့လာရပါတယ်။
ဆော့ဝဲရဲ့ လုပ်ဆောက်ချက်တွေပေါ်မူတည်ပြီး ကိုယ့် တကိုယ်ရည်သုံးအတွက် သို့မဟုတ် လုပ်ငန်းအတွက် အသုံးဝင်နိုင်မှု ရှိမရှိ စဉ်းစား ဆုံးဖြတ်ရပါမယ်။ အခု ဒီဆော့ဝဲမှာ ဘယ်လို လုပ်ဆောင်ချက်တွေ ပါဝင်သလဲဆိုတာ ရှင်းပြပေးမှာ ဖြစ်ပါတယ်။
ပထမဆုံး ပစ္စည်းအသစ် (New Item) ကဏ္ဍကို သွားရောက်ပြီး ပစ္စည်းအသစ် ထည့်သွင်းတော့မယ်ဆိုရင် ပစ္စည်းအမည် သို့မဟုတ် ပစ္စည်းခေါင်းစဉ်နဲ့ အကြောင်းအရာဆိုပြီးတော့ အချက်အလက် ၂ ခု ထည့်သွင်းနိုင်ပါတယ်။ ကိုယ့် တကိုယ်ရည်သုံး သို့မဟုတ် လုပ်ငန်းအတွက်
အချက်အလက်များကို အဆင်ပြေသလို့ ထည့်သွင်း မှတ်သားရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ပစ္စည်းဓာတ်ပုံ ထည့်သွင်းနိုင်ပါတယ်။ တခါတရံမှာ ပစ္စည်းအမည်နဲ့ တွဲပြီးတော့ မမှတ်မိသေးသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံထည့်သွင်းဖို့ လိုအပ်ပါက ထည့်သွင်နိုင်သလို လိုအပ်မှုမရှိပါကလည်း ချန်လှပ်ထားနိုင်ပါတယ်။
Default Category ဆိုပြီးတော့ A နဲ့ 1 ကို ရွေးချယ်ပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါကဘာကို ဆိုလိုသလဲဆိုရင်တော့ အုပ်စုနံပါတ်ကို ဆိုလိုပါတယ်။ ဥပမာ ဘယ်ပစ္စည်းတွေကတော့ ဘယ်အုပ်စုနံပါတ်နဲ့ တွဲထားမယ် စသည်ဖြင့် A ကနေ Z အထိနဲပ
1 ကနေ 500 အထိ မိမိတို့ စိတ်ကြိုက် အုပ်စုနံပါတ် ရွေးချယ်ပေးထားနိုင်ပါတယ်။ ဥပမာ A1 ဆိုတဲ့ စကားလုံးကို စာရွက်အပိုင်းလေးမှာ ရေးမှတ်ပြီး ပစ္စည်းများထားရှိရာ နံရံ သို့မဟုတ် နေရာတခုခုမှာ ကပ်ထားနိုင်ပါတယ်။ အဲဒီလို ကပ်ထားလိုက်ပြီးပြီဆိုရင်တော့
A1 အုပ်စုမှာ ဘာပစ္စည်းတွေ ထားတယ်ဆိုတာ မိမိတို့ အလွယ်တကူ ဆော့ဝဲထဲမှာ ပြန်ပြီးရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါက ဆော့ဝဲက သပ်မှတ်ပေးထားတဲ့ အုပ်စုနံပါတ်များ ဖြစ်ပါတယ်။ ကိုယ့်အတွက် သို့မဟုတ် လုပ်ငန်းအတွက် ဆော့ဝဲက သပ်မှတ်ပေးထားတဲ့ အုပ်စုနံပါတ် မလိုအပ်ပါကလည်း
A1 အတိုင်းပဲ ရွေးချယ်ထားနိုင်ပါတယ်။
ဆော့ဝဲက သပ်မှတ်ပေးထားတဲ့ အုပ်စုနံပါတ်တော့ မသုံးချင်ဘူး ကိုယ်တိုင် ကြိုက်တဲ့ အုပ်စုအမည် သို့မဟုတ် အုပ်စုခေါင်းစဉ်ကို ဖန်တီးချင်တယ်ဆိုရင်တော့ ဆော့ဝဲထဲမှာ My Category ဆိုပြီးတော့
General ဆိုတာကို ရွေးချယ်ပြီး အခြေအနေကို တွေ့ပါလိမ့်မယ်။ မိမိတို့ စိတ်ကြိုက် အုပ်စုအမည် သို့မဟုတ် အုပ်စုခေါင်းစဉ်ကို ပြန်လည်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့ ဖန်တီးထားတဲ့ အုပ်စုများကို အုပ်စု စာရင်း (Category List) ဆိုတဲ့ ကဏ္ဍလေးမှာ သွားရောက်ပြီး
ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပယ်ဖျက်တာတို့ လုပ်ဆောင်နိုင်ပါတယ်။ အုပ်စု အသစ် ထည့်သွင်းဖို့ လိုအပ်ပါက အုပ်စု အသစ် (New Category) ဆိုတဲ့ ကဏ္ဍမှာ သွားရောက်ပြီး အုပ်စုအမည် သို့မဟုတ် အုပ်စုခေါင်းစဉ်နဲ့ အကြောင်းအရာကို ရေးမှတ် ထည့်သွင်းနိုင်ပါတယ်။
ပစ္စည်းခေါင်းစဉ်၊ ပစ္စည်းနဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာ၊ နောက်ပြီးတော့ ဓာတ်ပုံ၊ ဆော့ဝဲက သပ်မှတ်ပေးထားတဲ့ အုပ်စုနဲ့ မိမိတို့ စိတ်ကြိုက် ဖန်တီးနိုင်တဲ့ အုပ်စုတို့ကို ရွေးချယ်လုပ်ဆောင် ဖြည့်သွင်းပြီးပါက ပစ္စည်းများ စာရင်း (Item List) ကဏ္ဍမှာ သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပစ္စည်းများ စာရင်း (Item List) ကဏ္ဍထဲကို ဝင်ရောက်လိုက်တဲ့အခါ မိမိတို့ ထည့်ထားတဲ့ ပစ္စည်းခေါင်းစဉ်နဲ့ အကြောင်းအရာရယ်၊ ဆော့ဝဲက သပ်မှတ်ပေးထားတဲ့ အုပ်စု (A1) ရယ်၊ မိမိတို့ စိတ်ကြိုက်သပ်မှတ်ထားတဲ့ အုပ်စု (General) ရယ်၊ ပစ္စည်းဓာတ်ပုံ ထည့်သွင်းထားပါက ကင်မရာပုံလေး စတာတွေကို
တွေ့ရမှာ ဖြစ်ပါတယ်။
မိမိတို့ ကြိုက်နှစ်သက်တဲ့ ပစ္စည်းကို ရွေးချယ်နှိပ်လိုက်တဲ့အခါ ပစ္စည်းဓာတ်ပုံရှိပါက ဓာတ်ပုံကို ကြည့်နိုင်ပြီး၊ ပြင်ဆင်တာ၊ ပယ်ဖျက်တာတို့ လုပ်ဆောင်နိုင်ပါတယ်။ တခါတလေမှာ ကိုယ်က ပစ္စည်းများကို ဆော့ဝဲက သပ်မှတ်ပေးထားတဲ့ အုပ်စုအလိုက် အမျိုးမျိုးပြောင်းလည်းပြီး ကြည့်နိုင်ဖို့ View By ဆိုတာကို
နှိပ်လိုက်ပါက A B C အစဉ်လိုက် ကြည့်မလား ဒါမှမဟုတ် C B A ဆိုပြီ ပြောင်းပြန် ကြည့်မလား ဒါမှမဟုတ် နံပါတ် ၁ ၂ ၃ အစဉ်အလိုက် ကြည့်မလား၊ ဒါမှမဟုတ် ၃ ၂ ၁ ဆိုပြီး ပြောင်းပြန် ကြည့်မလား စသည်ဖြင့် အမျိုးအမျိုး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပစ္စည်းအရည်အတွက် များပြားလာပါက ရှာဖွေရတာ လွယ်ကူစေရန် Search By ကဏ္ဍမှ တဆင့်လုပ်ဆောင်နိုင်ပါတယ်။ မိမိတို့ ဖန်တီးထားတဲ့ အုပ်စုအလိုက် ရှာဖွေနိုင်သလို၊ ရှိပြီးသား အုပ်စု အလိုက်လည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ တခါတရံမှာ ရှိပြီးသား အုပ်စုနံပါတ် တခုပဲ ရှာဖို့ လိုအပ်တဲ့အခါ Search By Number
ကဏ္ဍမှတဆင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဓိက အရေးကြီးဆုံးအချက်ကတော့ ပစ္စည်းခေါင်းစဉ်အလိုက်နဲ့ အကြောင်းအရာအလိုက် ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။
နောက်ဆုံးအရေးကြီးဆုံးတခုကတော့ မိမိတို့ ထည့်သွင်းထားတဲ့ အချက်လက်များကို သိမ်းဆည်းထားတဲ့ Database နဲ့ Pictures ဆိုတဲ့ ဖိုလ်ဒါ ၂ ခုကို အခါအားလျော်စွာ စိတ်ချရတဲ့ နေရာမှာ သိမ်းဆည်းပေးထားဖို့ လိုအပ်ပါတယ်။ ဖုန်းပျက်စီးသွားသော်လည်းကောင်း၊ SD ကဒ် ပျက်စီးသွားသော်လည်းကောင်း အချက်အလက်များကို
အလွယ်တကူ ပြန်လည် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဝဲ အသုံးပြုပုံကဏ္ဍလည်း ထည့်သွင်းပေးထားပြီး သွားရောက်ဖတ်ရှုထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဆော့ဝဲကို အင်တာနက်ဖွင့်ပြီး အသုံးပြုရမှာ ဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက် မလိုဘဲ အသုံးပြုလိုပါက အချက်အလက် ဆိုတဲ့ကဏ္ဍမှာ သွားရောက်ဖတ်ရှုပြီး
ဝယ်ယူနိုင်ပါတယ်။ ဒီဆော့ဝဲကို အခြားသူငယ်ချင်းမိတ်ဆွေထံ မျှဝေလိုပါကလည်း Share this App ကဏ္ဍမှ တဆင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
အခု ရှင်းပြပေးသလောက်ဆိုရင်တော့ မိမိတို့ တကိုယ်ရည်သုံးအတွက် သို့မဟုတ် လုပ်ငန်းအတွက် အဆင်ပြေလိမ့်မယ်၊ အဆင်မပြေနိုင်ဘူးဆိုတာ သိရှိလောက်မယ်လို့ ထင်ပါတယ်။ တခြားမေးမြန်းချင်တာ၊ စုံစမ်းချင်တာရှိရင်တော့ ဆော့ဝဲထက အချက်အလက်ကဏ္ဍမှ ဖုန်းနံပါတ်ဖြင့် ဆက်သွယ်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ပစ္စည်းများ စနစ်တကျ သိမ်းနည်း (Item Organizer) App အေပီကေ ဒေါင်းမယ်.
Click the picture or here to download Item Organizer