ကျွန်တော်တို့ဟာ မနက် ဘယ်နှစ်နာရီမှာ အိပ်ယာက ထချင်တယ်ဆိုရင် မိမိတို့ အိမ်သူအိမ်သားထဲက တစ်ယောက်ယောက်က စောစောနိုးတတ်တဲ့သူဆိုရင် အဲဒီသူထံမှာ အကူအညီတောင်းလေ့ ရှိကြပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မိမိတို့ကိုယ်တိုင် အိပ်ယာကနေ နိုးလာအောင် နှိုးစက်ပါတဲ့နာရီ၊ ဖုန်းတို့ကို အသုံးပြုကြတယ် မဟုတ်ကြပါလား?
အဲဒီလိုပဲ ခရီးသွားလာကြတဲ့အခါ မိမိတို့ ရောက်တဲ့ နေရာရောက်ခါနီးပြီဆိုရင် အသိပေးနိုင်မယ့် နှိုးစက်ဆိုတာမျိုးကိုလည်း လိုအပ်လိမ့်မယ် မဟုတ်ပါလား? အဲဒီအတွက် GPS Alarm System (ဂျီပီအက်စ် နေရာ အသိပေး စနစ်) App ဆော့ဝဲကို ဖန်တီး ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။
ပထမဆုံး သိထားသင့်တာ တစ်ခုက မိမိတို့ မှတ်သားချင်တဲ့ တည်နေရာတစ်ခုကို လတ္တီကျု၊ လောင်ဂျီကျု နံပါတ်များနဲ့ မှတ်သားရပါမယ်။ အင်္ဂလိပ်လိုတော့ Global Positioning System လို့ ခေါ်ပြီး အတိုကောက်ကို (GPS) လို့ အလွယ်တကူ ခေါ်လေ့ရှိကြပါတယ်။ အခု ဒီဆော့ဝဲထဲမှာ လတ္တီကျု၊ လောင်ဂျီကျု နံပါတ်များကို ခေါင်စဉ်နဲ့ တကွ အလွယ်တကူ သိမ်းဆည်းထားနိုင်ပြီး လိုအပ်သလို ပြန်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ ရောက်ချင်တဲ့ တည်နေရာတိုင်းကို ဆော့ဝဲထဲမှာ အစဉ်လိုက်ထဲသွင်းထားပြီး ခလုပ်ဖွင့်ထားလိုက်ပါ။ အနီဆုံး တည်နေရာနဲ့ ပေ ၂၀၀ ဝန်းကျင်ရောက်ရင် ဆော့ဝဲမှ အသိပေးသွားမှာ ဖြစ်ပါတယ်။ ဆော့ဝဲကိုတော့ ပလေးစတိုးမှာ သွားရောက်ကြည့်ရှုပြီး ဒေါင်းယူနိုင်ပါတယ်။
When we want to get out of bed at early in the morning, we often ask one of our family members for help to wake us up. Otherwise, we used to find an alarm clock or set an alarm in our phones, don't we?
Similarly, when you travel, you will need such kind of alarm to let you know when you are about to arrive your destinations. The GPS Alarm System app was created for this purpose.
The first thing you should know is that the location you want to mark is in latitude and longitude. In English, it is called the Global Positioning System, or simply for short (GPS). Now in this app, latitude and Longitudinal numbers can be easily stored with the title and reused as needed.
Put all the locations you want in the sequence in the app and turn on the button. The app will notify you when you enter your destination point around 200 feet. You can go to the Play Store and download the app.
ဂျီပီအက်စ် နေရာ အသိပေးစနစ် App
အေပီကေ ဒေါင်းမယ်.
Click the picture or here to download GPS Alarm App.