|

ExpressWay Note

ခရီးသွား မှတ်စု (ExpressWay Note) App သည် သုံးစွဲသူ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။

ခရီးသွားလာရာတွင် Internet ဖွင့်၍ မြေပုံအား အသုံးပြုကာ မိမိတို့ ဆန္ဒရှိသော နေရာများကို မှတ်သားထားနိုင်ခြင်း၊ ၎င်း မှတ်သားထားသော နေရာများနှင့် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များသို့ လမ်းကြောင်းများ ဆွဲကြည့်၍ ခန့်မှန်း အကွာအဝေး မိုင်နှုန်းနှင့် ကြာချိန်အား ကြည့်ရှုနိုင်ခြင်း၊ မိမိတို့ မကြာခဏ ကြည့်လိုသော လမ်းကြောင်းများကိုလည်း သိမ်းဆည်းထားနိုင်ခြင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ အနီးဆုံး မိုင်တိုင်များကို ယခု App ဖြင့် Internet အသုံးပြုရန် မလိုဘဲ GPS ဖွင့်၍ ကြည့်ရှုနိုင်ခြင်း၊ ခရီးသွားလာရာတွင် မိမိယာဉ်နှင့် အနီးဆုံးဖြစ်သော မြို့နယ်အမည်ကို Internet မလိုဘဲ GPS အသုံးပြု၍ သိရှိနိုင်ခြင်း၊ ယာဉ်စီးနှင်းရာတွင် ယာဉ်၏ ခန့်မှန်း အမြန်နှုန်းအား Internet ဖွင့်ကာ မြေပုံ အသုံးပြု၍ ကြည့်ရှုနိုင်ခြင်း၊ မိမိ သွားရောက်လိုသော နေရာ ထည့်သွင်းထား၍ ၎င်းနေရာသို့ မရောက်မီ ကြိုတင် အသိပေးနိုင်သော GPS Alarm စနစ် ပါရှိခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ရှိသော အဝေးပြေးစခန်းများရှိ ယာဉ်လိုင်းများ၏ ဖုန်းနံပါတ်များအား ယာဉ်လိုင်း သို့မဟုတ် အဝေးပြေးစခန်း သို့မဟုတ် မြို့နယ်အလိုက် ကြည့်ရှုနိုင်ခြင်း၊ အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော အမြန်လမ်းပေါ်ရှိ ရဲစခန်း ဖုန်းနံပါတ်များ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ရဲစခန်း ဖုန်းနံပါတ်များအား စုစည်း ထည့်သွင်းပေးထားခြင်း၊ မိမိ ရောက်ရှိနေသော နေရာကို မိတ်ဆွေများထံသို့ ပေးပို့ခြင်းနှင့် မိတ်ဆွေများမှ ပေးပို့လာသော တည်နေရာများကို ထည့်သွင်း၊ မှတ်သား၊ လမ်းကြောင်းများ ဆွဲကြည့်နိုင်ခြင်း၊ အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် မိမိတို့အား ဆက်သွယ်နိုင်သော ဖုန်းနံပါတ်၊ တည်နေရာများကို ယခု App တွင် အခမဲ့ ထည့်သွင်းနိုင်ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ရှိသော အဝေးပြေး ယာဉ်လက်မှတ် အရောင်းကိုယ်စာလှယ်များ၏ နေရာနှင့် ဖုန်းနံပါတ်များ၊ ဘုရားဖူးလက်မှတ်များ၊ လေယာဉ် လက်မှတ်များ၊ သင်္ဘော၊ စက်လှေ လက်မှတ်များ၊ ရထားလက်မှတ်များကိုလဲ ကောက်ယူ၍ ယခု App တွင် ထည့်သွင်းသွားရန် စီစဉ်လျှက်ရှိပါသည်။

ခရီးသွားမှတ်စု အေပီကေ ဒေါင်းမယ်.

 

Click the picture or here to download ExpressWay Note App