|

Dhamma Thukha Tawya

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဘန့်ဘွေးကုန်းကျေးရွာ တောင်ပေါ်မှာရှိတဲ့ ဓမ္မသုခတောရကျောင်းမှာ စာရေးသူ ၄၅ ရက်တာ တရားအားထုတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကို ရင်းနှီးတဲ့ သူငယ်ချင်းက အကြံပေးလို ပထမအကြိမ် သွားရောက်လေ့လာဖြစ်ခဲ့တာပါ။




တောင်ခြေကနေ တောရကျောင်းအထိ လူငယ်ဆို မိနစ် ၃၀ လောက်နဲ့ လူကြီးဆိုရင်တော့ ၄၅ မိနစ်လောက် ကြာနိုင်ပါတယ်။ ဒီလမ်းကို နေ့စဉ် သီတင်းသုံးတဲ့ ကိုယ်တော်တွေနဲ့ ဆရာတော်တို့ မနက်တိုင်း ဆွန်းခံကြွတော်မူကြပါတယ်။





ဒီပတ်ဝန်းကျင်မှာ တောရကျောင်းတွေ တော်တော်များရှိတာကို တွေ့ရပြီး ဒီ စမ်းချောင်းကို ချိုးရေ အဖြစ်မှီခိုကြရပါတယ်။





ဒီဓာတ်ပုံတွေကတော့ ပထမအကြိမ် ရောက်တုန်းက သူငယ်ချင်းတွေ့နဲ့ ရိုက်ခဲ့တာတွေပါ။ ဒုတိယ အကြိမ်ကတော့ တရားအားထုတ်တာပါ။




 


အခုဆိုရင် တောရကျောင်းနားအထိ ကားလမ်းဖောက်ထားပြီလို့ သိရပါတယ်။



တရားအားထုတ်ဖို့ အလွန် ဆိပ်ငြိမ်တဲ့ နေရာလေး တစ်ခုဖြစ်တယ်လို့ ခံစားရပါတယ်။



ပြင်သစ်နိုင်ငံသားတွေ စကားပြန်နဲ့အတူ တရားလာထုတ်ကြတာကို တွေ့ခဲ့ရပါတယ်။



ဒီတောရကျောင်းမှာတော့ တောင်ကျ စမ်းရေတွေကို ပိုက်တွေနဲ့ သယ်ယူပြီး ကန်ကြီး ၂ ခုနဲ့ လှောင်ထားပြီး ချိုးရေနဲ့ ညဖက် ရေအား လျပ်စစ်ကို ထုတ်ယူထားပါတယ်။



ဒီတောရကျောင်းနဲ့ ဆက်သွယ်ချင်တယ်ဆိုရင်တော့ App ထဲကနေတဆင့် သို့မဟုတ် ၎င်းတို့ရဲ့ ဝက်ဆိုက်နဲ့ ဖေ့ဘုတ်ကနေတဆင့် ဆွက်သွယ်နိုင်ပါတယ်။





 

တရားအားထုတ်ပြီးတဲ့နောက်မှာ ကိုယ်တတ်တဲ့ နည်းပညာနဲ့ ကိုယ်ကိုယ်တိုင် လှူချင်လာတဲ့အတွက် ဆရာတော်ကို လျှောက်ထားပြီးတဲ့နောက်မှာ ဒီ ဆော့ဝဲလေးကို ရေးသားဖို့ ဖြစ်ခဲ့တာပါ။


ဝက်ဆိုက်အား ကြည့်ရှုရန် နှိပ်ပါ။


ဖေ့ဘုတ်အား ကြည့်ရှုရန် နှိပ်ပါ။

MRTV-4 မှ ရိုက်ကူး တင်ဆက်ထားတဲ့ ဗွီဒီယို မှတ်တမ်းလေးပါ။ ကြည့်ရှုရန် နှိပ်ပါ။

ဓမ္မသုခတောရ App အေပီကေ ဒေါင်းမယ်.



Click the picture or here to download Dhamma Thukha Tawya App.